Fact Check: UN လုံခြုံရေးကောင်စီမှာ ဝါကန်ဒါနိုင်ငံက နကစကို ထောက်ခံဆိုတဲ့ သတင်းတု

ကုလသမဂ္ဂ(UN)လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ  ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ ဒီလို ထောက်ခံခဲ့တာဖြစ်ပြီး သတင်းကိုးကားဖော်ပြမှုအနေနဲ့ ရိုက်တာသတင်းဌာနကို ကိုးကားထားတယ်လို့ ဖော်ပြထားသလို ပို့စ်ရဲ့ အောက်ခြေမှာ wakanda လို့လည်းရေးသားထားပါတယ်။ သို့သော် ဝါကန်ဒါနိုင်ငံဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမရှိသလို အောက်တိုဘာ ၁၀ ရက်ကလည်း လုံခြုံရေးကောင်စီအစည်းအဝေးမရှိတာတွေ့ရပါတယ်။  ဓာတ်ပုံ ၂ ပုံနှင့်အတူ “မျိုးချစ်သစ္စာ ပြည်မြန်မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “နကစ အတွက်အသက်ရှူပေါက်တစ်ခု(သို့)ဝါကန်ဒါ —————————————————- အောက်တိုဘာ ၁၀ ရက် ကိုးကား – ရိုက်တာ    ယနေ့ကျင်းပ ပြုလုပ်သော UN လုံခြုံရေးကောင်စီအစည်း‌အဝေးတွင် ဝါကန်ဒါနိုင်ငံ၏ ဘုရင် […]

Continue Reading