Fact Check: ပုသိမ်မှာဖမ်းမိတဲ့နတ်ငါးပုံလား-မဟုတ်ပါ
ငါးတစ်ကောင်ကို အင်္ကျီအနီရောင်ဝတ်အမျိုးသားတစ်ဦးက ဖက်လျှက်ရိုက်ကူးထားတဲ့ ဓာတ်ပုံနှင့်အတူ ပုသိမ် ရွှေမုဠောဘုရားနားက ဖမ်းမိတဲ့ ဆုတောင်းပြည့်တဲ့နတ်ငါးကြီးဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဏန်းကပြန်လည် မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း အိန္ဒိယနိုင်ငံမှာဖမ်းဆီရမိတဲ့ ငါးတစ်ကောင်ရဲ့ ဓာတ်ပုံဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါ ဘူး။ “ဒီpostကို မြင်ရတာ သင်ကံစကောင်းပါပီ။ ပုသိမ်မြို့ ရွှေမုဠောဘုရားနားက ဖမ်းမိတဲ့ ဆုတောင်းပြည့်တဲ့နတ်ငါးကြီးပါ။ နတ်ငါးကြီးရဲ့ ဆုတောင်းပြည့် ဂါတာက #ဥုံသက္ခဒေမနုတ်တဒဏ္ခနိတဒေဝ ဖြစ်ပါတယ်။”လို့ရေးသားပြီး “Phyu Hannay Soe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၄၀၀ ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုပြီး ဒီငါးပုံကိုရှာဖွေကြည့်ရာမှာ […]
Continue Reading