Fact Check: နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဆီကနေ NLD မြို့နယ် အလုပ်အမှုဆောင်က ဆက်ကြေးကောက်တယ်လို့ သတင်းမှားထပ်မံဖြန့်ဝေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးဆီကနေ  နာဂလက်နက်ကိုင်အဖွဲ့ NSCN(K) အတွက် ကျပ် သိန်း ၇၅၀ ကို ဆက်ကြေးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အလုပ်မှုဆောင်တစ်ဦးက တောင်းယူခဲ့ တယ်ဆိုပြီးတော့ ရေးသားမျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့ တာတွေ့ရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာစတင်ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ နန်းယွန်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင် ဦးညီအောင်(ခ) ညီအောင်းဟာ NSCN(K)အဖွဲ့ရဲ့ စေခိုင်းချက်အရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးသို့  ဒီဇင်ဘာ ၁ ရက်နေ့က ရောက်ရှိလာပြီး ဆက်ကြေး သိန်း ၇၅၀ တောင်းခံ သွားတယ်လို့ ရေးသားထားပြီး NCSN(K)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်ကလည်း ဒီသတင်းကို အတည်ပြုတယ်လို့ ရေးသားမျှဝေထားတာဖြစ် ပါတယ်။ ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သတင်းပုံစံနဲ့ […]

Continue Reading

Fact Check: နန်းယွန်းမှာ NLD ပါတီက နာဂလက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ခြိမ်းခြောက် မဲထည့်ခိုင်းလို့ မဲနိုင်တယ်လို့ သတင်းမှား

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ နန်းယွန်းမှာ NLD ပါတီက နာဂ လက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ဒေသခံတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခုကို ၃ ရက်အတွင်း လူမှုကွန်ယက် အသုံးပြုသူ ၂၅၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၆ ရက်က Ye Myo Sitt အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ NLD ပါတီက လူထုကိုခြိမ်းခြောက်ပြီး မဲထည့်ခိုင်းဖို့အတွက် နာဂ လက်နက်ကိုင်အဖွဲ့ကို ငွေပေးခဲ့တယ်လို့ ရေးသားထားတာဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဉက္ကဌလည်းပါဝင်ပြီး ဒီသတင်းကို ရဲတပ်ဖွဲ့စုံစမ်းနေ တယ်လို့ ရေးသား မျှဝေထားတာဖြစ်ပါတယ်။   ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။  နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ အမျိုးသားဒီမိုရေးစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ […]

Continue Reading