Fact Check: ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးတဲ့ သတင်းတု

ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာ ဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီကရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ […]

Continue Reading

Fact Check: နေတိုးဗိုလ်ချုပ်ကြီး ၆ ယောက် ယူကရိန်းမှာအဖမ်းခံရတယ်ဆိုတဲ့ သတင်းမှား

ယူကရိန်းက စတီးစက်ရုံထဲကနေ  နေတိုး(မြောက်အတ္တလန်စစ်စာချုပ်အဖွဲ့-North Atlantic Treaty Organization)ဗိုလ်ချုပ်ကြီး ၆ ယောက် ယူကရိန်းမှာ လက်နက်ချအဖမ်းခံရ တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ တကယ်တော့ အတည်ပြုနိုင်တဲ့ အထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။ “စတီးစက်ရုံထဲက နေတိုးဗိုလ်ချုပ်ကြီး ခြောက်ယောက် ဒီနေ့ လက်နက်ချအဖမ်းခံလိုက်တယ်, ရုရှားကဒါကို လိုချင်လို့ မြေအောက်ခန်းတွေကို ဗုံးနဲ့ ထိုးမခွဲတာ ထိုးခွဲလို့သေရင် တရာခံမရဘူး သူလိုချင်တာ အရှင်လတ်လတ်တွေပဲ”စသည်ဖြင့်ရေးသားပြီး “Kyaw Naing” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံ ၂ ပုံနှင့်အတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဓာတ်ပုံတစ်ပုံမှာဆိုရင် စစ်သုံပန်းတွေလို့ယူဆရတဲ့ သူတွေထဲက တစ်ဦးကို အနီရောင်နဲ့ဝိုင်းပြလျှက် ရုရှားထံလက်နက်ချအညံ့ခံခဲ့တဲ့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Eric Olson ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  […]

Continue Reading