Fact Check: PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှား
PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဖြန့်ဝေခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူတွေအမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေ လို့ပါ။”လို့ရေးသားပြီး ဓာတ်ပုံတစ်ခုပေါ်မှာလည်း “အခုပဲနေပြည်တော်မှာဖြစ်သွားတာ ပြည်သူတွေ အမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်ပုံမှန် အသုံးပြုသူတစ်ယောက်အနေနဲ့ ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုတစ်ခုအဖြစ်အလွယ်တကူသိနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခု ကကြေညာ သူတစ်ဦး ဓာတ်ပုံကို အသုံးပြုထားပေမဲ့ Fact Crescendo Myanmar အနေနဲ့ PDF တွေ နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့သတင်းမျိုး မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ ကားမီးလောင်နေတဲ့ဓာတ်ပုံဟာ […]
Continue Reading
