Fact Check: အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ
ပင်လယ်နီထဲမှာ အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေပုံအဖြစ် ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။ အစ္စရေး-ဟားမက်စ်အကြား စစ်ပွဲတွေနဲ့ အတူ ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ အစ္စရေးပိုင်သင်္ဘောတွေကို တိုက်ခိုက်နေရာကနေ အရှေ့အလယ်ပိုင်းက ပင်လယ်နီထဲမှာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု တကျော့ပြန်လုပ်လာခဲ့ပြီး အမေရိကန်နိုင်ငံပိုင် ကုန်တင်သင်္ဘောတစီးကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဒီဗွီဒီယိုဖြန့်ဝေလာခဲ့တာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ပင်လယ်နီအတွင်း အမေရိကန်ပိုင် ကွန်တိန်နာသဘ်ော မီးလောင်နေပုံ။ အစ္စရေးပိုင်နှင့် အစ္စရေးသို့ သွားရောက်ကုန်သွယ်သော သဘ်ောများသာမက ယခု အမေရိကန်တို့နှင့် သက်ဆိုင်ပတ်သက်သော သဘ်ောများကိုပါ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီတို့က ကြေညာချက်ထုတ်ပြန်။” […]
Continue Reading