Fact Check:  အဖမ်းခံရတဲ့ ပရဟိတလူငယ် ၆ ဦးရဲ့ဓာတ်ပုံကို အသုံးပြုပြီး မုဒိန်းမှုနဲ့ ပတ်သက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအဖြစ်ဖြန့်ဝေ

အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးပုံကိုအသုံးပြုပြီး မုဒိန်းမှုနဲ့ပတ်သက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေလို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံတွေဟာ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ပရဟိတလူငယ် ၆ ဦးဖြစ်တာ တွေ့ရပါတယ်။ “နိုင်ငံရေးအကြောင်းပြ တောခိုမည်ဟု စည်းရုံးကာ…ဖမ်းဆီးရမိ PDF ကျားသုံးဦးက အတူပါလာသူ PDF မိန်းကလေးငယ် ၃ ဦးကို တောတွင်းမှာ အလိုမတူပဲ အတင်းအဓမ္မ အလှည့်ကျ ပေါင်းသင်းနေထိုင်တာကို ခံခဲ့ရကြောင်း မိန်းကလေးငယ်များ ကိုယ်တိုင် ရင်ဖွင့်ထွက်ဆို တိုင်ကြားလာကြောင်း သိရ တော်လှန်ရေးအတွက် တောထဲလိုက်ခွင့်ပြုတဲ့ မိဘတွေတော့ ရင်ကျိုးပေါ့လေ..crd ခရစ်ဒစ်”စသည်ဖြင့်ရေးသားပြီး “Ju Pai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။  […]

Continue Reading