Fact Check: အနုပညာရှင်တွေက iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်းမှား

မြန်မာနာမည်ကြီး အနုပညာရှင်တွေက ပဟေဠိအဖြေမှန်သူတွေကို iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေ တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်တယ် အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။အလားတူ မျှဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ပရိတ်သတ်တွေအတွက် လက်ဆောင် ❤️❤️ iphone 14 pro max နှင့် $10,000 ငွေသားဆု။ [702] မှလွဲ၍ အခြားနံပါတ်တစ်ခုကို မှန်ကန်စွာ ခန့်မှန်းသူ 250 သည် $10,000 နှင့် iPhone 14 pro max ကို ရရှိမည်ဖြစ်သည်။” မူရင်းလင်ခ့် – Fb link | Archive link အလားတူ […]

Continue Reading

Fact Check: ပဟေဠိဖြေဆိုသူကို ဆမ်ဆောင်းဖုန်း၊တိုယိုတာကား လက်ဆောင်ပေး တယ်ဆိုတာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်း(Samsung)က ဖုန်းတွေလက်ဆောင်ပေးနေတယ်၊ တိုယိုတာ(Toyota)က ကားလက်ဆောင်ပေးနေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တွေဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။ မြန်မာဘာသာအသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပိုစ့်မှာ အင်္ဂလိပ် ဂဏန်းတွေကို ပြသထားပြီး အခြားမတူတဲ့ ဂဏန်းတွေကို တွေ့သူတွေအနေနဲ့ အံ့အားသင့်စရာ လက်ဆောင် ရရှိမယ်ဆို ပြီးတော့ နောက်ဆုံးပေါ် ဆမ်ဆောင်းဖုန်း၊ တိုယိုတာကားဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။ အောက်ပါဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ရဲ့ စခရင်ရှော့ဖြစ်တယ်။ Samsung အမှတ်တံဆိပ်နဲ့ အတူ ဖေ့စ်ဘွတ်စာမျက်နှာက အင်္ဂလိပ်ဂဏန်း 86 တွေထဲမှ မတူတဲ့ ဂဏန်းကိုရှာတွေ့တဲ့သူတွေဟာ အ‌ပေါ်မှာ ပြသထားတဲ့ ဆမ်ဆောင်ဖုန်းကို ရရှိမှာဖြစ်ကြောင်း ပြောဆိုထားရာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှု‌ပေါင်း ၂၁၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | […]

Continue Reading