Fact Check: အိန္ဒိယကို တိုက်ခိုက်ဖို့ ပျံတက်စဉ် ပါကစ္စတန်လေယာဉ် ပျက်ကျမှု ဗွီဒီယိုလား-မဟုတ်ပါ
ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသဖို့ လေယာဉ် ၂ စင်း အတူယှဉ်ပြိုင် တက်လာရာကနေ တစီးဟာ ချို့ယွင်းမှုဖြစ်ပေါ်ပြီး ပျက်ကျခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒီဗွီဒီယိုဟာ စတင်ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဒီဗွီဒီယိုဟာ အနည်းဆုံး ဆယ်စုနှစ်တခု ကြာမြင့်ခဲ့ပြီဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီစွာ ပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသရန်အတွက် ေလယာဥ် ၂’စင်း အတူယှဉ်ပြိုင် တက်လာရာကနေ နောက်က တစ်စင်းက ကံဆိုးသွား ပါတယ် မေလ […]
Continue Reading