Fact Check: သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင် လွတ်မြောက်လာတဲ့ ကောလာဟလပျံ့နှံ့

သရုပ်ဆောင်ပိုင်တံခွန်နဲ့အိန္ဒြာကျော်ဇင်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာလွတ်မြောက်လာပြီဆိုပြီးတော့ အတည်မပြု နိုင်တဲ့သတင်းဟာ ဖေ့စ်ဘွတ်အသုံးပြုသူများ အကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီသတင်းဟာ လက်ရှိ အချိန်အထိ အတည်မပြုနိုင်သေးကြောင်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးသားချင်းတွေက ရှင်းလင်းထားပါတယ်။ “ပြည်ထောင်စုနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါတယ်။ ထိုသတင်းနှင့်ပတ်သက်ပြီး The Burmese Post အနေဖြင့် ထပ်မံအတည်ပြုဖို့ ကြိုးစားနေပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ​ေတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား (၈၁၄) ယောက် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသား (၈၄)ဦး လွတ်မြောက်ခဲ့ပါတယ်။ #TheBurmesePost”စသည်ဖြင့် “The Burmese Post”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေမှုပေါင်း ၁ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading