ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား
အဆောက်အဦးတစ်ခုရှေ့မှာ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဆရာတော်အဖြစ်မျှဝေနေတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “Ko Ko Mg”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ကိုမထောက်ခံတဲ့ဆရာတော်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ကို သမ္မတဦးဝင်းမြင့်မှပြန်ရုတ်သိမ်း ရုတ်သိမ်းခံရသည့် ဆရာတော်မှ လူထုကိုကူညီရင်ထဲမချိပြီ..” စသည်ဖြင့် ရေးသားပြီး ဆွမ်းဟင်းခပ်ပေးနေတဲ့ ဘုန်းကြီးကိုလည်း အဂ္ဂမဟာ ပဏ္ဍိ တဘွဲ့တံဆိပ်တော်ပြန်လည်ရုပ်သိမ်းခံရ သည့် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ် အောက်ပါအတိုင်းမျှဝေ ထားရာမှာ လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb Link Archive link အလားတူ “နေဝင်းထွန်း”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ “Ko Ko Mg”ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ဒီသတင်းမှားလို့ မှတ်ချက်ပေးနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မွန်ပြည်နယ် […]
Continue Reading