Fact Check: မကွေး ပေါက်မြို့နယ် ကျွန်းရင်းရွာက မဲမသမာမှုလုပ်သူ အဖြစ်မျှဝေနေတဲ့ သတင်းမှား
မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူအဖြစ် အမျိုးသမီးတစ်ဦး ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူဟာ မဲရုံစောင့်သူ ဒေါ်ဇင်မာသက် ဆိုသူ အမျိုးသမီးဖြစ်တယ်ဆိုပြီးတော့ မျှဝေနေကြတာဖြစ်ပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး မဲမသမာမှုသံသယဖြစ်စဉ်နဲ့ ဓာတ်ပုံမှာပါတဲ့ အမျိုးသမီး ဟာ သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ “ပေါက်မြို့နယ် ကျွန်းရင်း ကျေးရွာမှ အဖိုးအဖွားများ၏ NLD ကြိုတင်မဲကို USDP (ကြံ့ဖွံ့)မဲအဖြစ်ခိုးပေးရန် သိန်း၃၀၀ ကျပ်နှင့် ခိုင်းစေသဖြင်ခိုးခဲ့သော ဒေါ်ဇင်မာသက် တိမ်းရှောင်ထွက်ပြေး”လို့ ရေးသားပြီး “Pesai Metgum Metgumအ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားပြောဆိုချက်တွေကိုလူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]
Continue Reading