Fact Check: UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတဲ့ သတင်းတု 

UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်လို့ ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဧပြီ ၂၂ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဧပြီ(၂၂)နေ့အထူးဝမ်းသာစရာသတင်း ဖမ်းဝရမ်း ထုတ်ပြီ ၂၄ နာရီအတွင်းဖမ်းမည်ဟုကြေငြာ UNစစ်တပ်(၆)သိန်းကျော် လွတ်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်းတဲ့ သတင်းတု

အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်း လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “‌ဒေါ်စု ဖမ်းဝရမ်း ပြန်ရုတ်သိမ်း အမေရိကန်နဲ့ ကုလ ကန့်ကွက်လို့  ပြန်ရုတ်သိမ်းပြီ စစ်ခေါင်းဆောင်များကိုသာ ဖမ်းဆီးဖို့အင်တာပို လက်ခံ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင်တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ […]

Continue Reading

Fact Check: အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်း‌ဆောင် ရုရှားကို ထွက်ပြေးတဲ့ သတင်းတု

အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်း‌ဆောင် ပြည်ပကို ထွက်ပြေးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ မကြာသေးခင်က ဖြန့်ဝေထားပြီး ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  “ဖမ်းဝရမ်း အထုတ်ခံရ အပြီး ၂၄ နာရီ မကြာဘူး ပြေးပြီ မင်းအောင်လှိုင် ရုရှား ပြေးပါပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး ကုလသမဂ္ဂ(UN)က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “AA ခေါင်းဆောင်(၂)ဦးနဲ့အတူမင်းအောင်လှိုင်ကို  UN ဖမ်းဝရမ်းထုတ်ပြီး ကမ္ဘာ့ရဲတပ်ဖွဲ့ကို စေလွှတ် လူမျိုးတုန်းသတ်လို့ အဖြစ်ဆိုးကြုံကြရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားမှုတွေဖြန့်ဝေတာ၊ သတင်း မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို […]

Continue Reading

Fact Check: တရုတ်က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု 

တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီး တရုတ်သမ္မတအမိန့်နဲ့ နေပြည်တော်ကို တရုတ်စစ်သားတွေ ရောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။   “စစ်ခေါင်းဆောင် ရန်သူဝိုင်းခံရပြီ တရုတ်က ဖမ်းဆီးဖို့ အမိန့်ထုတ် တရုတ်သမ္မတ အမိန့်နဲ့ နေပြည်တော် ကို တရုတ်စစ်သားများ ရောက်ရှိ သဘောတီူမှု ချိုး‌‌ဖောက်တယ်ဆိုပြီး တရုတ်သမ္မတက မင်းအောင်လှိုင်ကို ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်မှာ‌ဖော်ပြခဲ့တဲ့ အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်‌‌ဖော်ရာမှာ  သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာတွေ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ဖြန့်ဝေနေတာဟာ သတင်းမှား သာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခေါင်းဆောင်(၇)ဦး ICJ ဝရမ်းထုတ်/ စစ်အုပ်စုနိဂုံးချုပ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ထို့အပြင် ဗွီဒီယိုထဲမှာ “July 21 ICJ တရားရုံး အထူးအမိန့် စစ်‌ခေါင်းဆောင်(၇)ဦး ICJ ဖမ်းဝရမ်းထုတ် စစ်အုပ်စု နိဂုံးချုပ်ပြီ” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ကို […]

Continue Reading

Fact Check: ICJ က မြန်မာစစ်တပ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

ICJ က မြန်မာစစ်တပ်ထိန်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့မှု များပြားလျက်ရှိပါတယ်။  ဗွီဒီယိုခေါင်းစီးစာသားနေရာမှာ “စစ်ခေါာင်းဆောင်နှစ်ဦး ICJ ဖမ်းဝရမ်းထုတ်ပြီ”(မူရင်းအရေးသား)လို့ရေးထား သလို ဗွီဒီယိုထဲမှာတော့ “မအလနဲ့ စိုးဝင်းတို့နှစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ပြီ”လို့ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာ တရားရုံး(International Court of Justice- ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရန်ပျက်ကွက်မှုနဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။ အဓိကအားဖြင့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ […]

Continue Reading