Fact Check: ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ဓာတ်ပုံကို အိန္ဒိယကမြွေမြိုခံရခါနီး အမျိုးသမီးအဖြစ်ပျံ့နှံ့
သူမွေးမြူထားခဲ့တဲ့မြွေရဲ့မြိုခြင်းခံရခါနီး အိန္ဒိယမှာအမျိုးသမီးတစ်ဦးအဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဓာတ်ပုံဟာ ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့ သွားပြတော့မှသင်ခန်းစာရ” လို့ရေးသားပြီး “ဆယ်လီ၊ သတင်း၊ဖြစ်ရပ်မှန်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားပြီး ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုနှင့်အတူမျှဝေထား တာတွေ့ရပါတယ်။ လင့်ခ်ကိုဖွင့်ကြည့်ရာမှာ CeleLand ဆိုတဲ့ဘလော့ဂ်စာမျက်နှာတစ်ခုကိုရောက်သွားပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။ “အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့သွားပြတော့မှသင်ခန်းစာရ သက်လတ်ပိုင်းအရွယ်အိန္ဒိယအမျိုးအသမီးကြီးတစ်ဦးကစပါးကြီးမြွေတစ်ကောင်ကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးထားပါတယ်။၄မီတာရှည်တဲ့ထိုမြွေကြီးကတစ်နေ့မှာတော့လုံးဝအစာမစားတော့ပါဘူးဒီလိုနဲ့မြွေကြီးကအစာမစားတာတစ်ပတ်လောက်ရှိလာတော့အမျိုးသမီးကြီးကစိတ်ပူပြီးမြွေကြီးကိုတိရိစ္ဆာန်ဆေးကုခန်းကိုခေါ်သွားပါတယ်။ထိုအမျိုးသမီးကြီးရဲ့ပြောပြချက်ကိုနားထောင်ပြီးနောက်တိရိစ္ဆာန်ဆရာဝန်ကအမနဲ့သူညဘယ်အတူတူအိပ်လား၊အိပ်တဲ့အခါအစ်မတကိုယ်လုံးကိုသူ့ခန္ဓာကိုယ်နဲ့ပတ်ပြီးအိပ်လားလို့မေးတယ်။အဲ့ဒါနဲ့အမျိုးသမီးကြီးကလည်းဟုတ်ပါတယ်ညတိုင်းအဲ့လိုပဲအိပ်တယ်။သူတစ်ခုခုကိုတောင်းဆိုချင်နေတာလို့ကျွန်မထင်တာပဲဒါပေမဲ့လည်းသူတောင်းဆိုတာကဘာမှန်းမသိတော့ကျွန်မလည်းမလုပ်ပေးနိုင်ဘူးလေ။အဲ့အတွက်ကြောင့်အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ပြန်ပြောတယ်။ဒါနဲ့ဆရာဝန်ကအစ်မကြီးမြွေကနေမကောင်းတာမဟုတ်ပါဘူး။အစ်မကြီးကိုစားဖို့ရည်ရွယ်နေတာပါ။အစ်မကြီးခန္ဓာကိုယ်တစ်ခုလုံးကိုသူပတ်လိုက်တိုင်းအစ်မကြီးကိုယ်လုံးအလေးချိန်ဘယ်လောက်ရှိမလဲအစ်မကြီးကိုမြိုဖို့။မြိုပြီးရင်အစာချေဖို့အတွက်သူ့ဝမ်းဗိုက်ကိုရှင်းနေတာ၊အစာမစားတော့တာကလည်းအစ်မကြီးကိုစားဖို့ကြိုတင်ပြင်ဆင်နေတာလို့ပြန်ပြောခဲ့ပါတယ်။ဒီအဖြစ်အပျက်ရဲ့သင်ခန်းစာကတော့လူတွေမှာလည်းမိမိအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုသတိထားသင့်ပါတယ်။သင်နဲ့အရမ်းရင်းနှီးပြီးမကြာခဏသင့်ကိုပွေ့ဖက်အားပေးတိုင်းသူ့ရည်ရွယ်ချက်တွေကကောင်းတယ်လို့သတ်မှတ်လို့မရပါဘူး။”(ရှင်းလင်းမှုရှိစေရန်- ပုဒ်ဖြတ်၊ပုဒ်ရပ် တည်းဖြတ်မှုအနည်းငယ်လုပ်ထားပါသည်။) မူရင်းလင်ခ့် – FB link | Archive link တစ်နှစ်တာကာလအတွင်း ဒီပို့စ်ပျံ့နှံ့မှုပုံစံကိုလေ့လာကြည့်ရာမှာ ၂၀၂၁ ခုနှစ်ထဲမှာ ဒီမျှဝေမှုတွေရှိခဲ့ပြီး အဲဒီအချိန်က “The Voice Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေ အကြိမ်အရေအတွက် ၁၈၀၀ ကျော်ရှိခဲ့ပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB […]
Continue Reading