Fact Check: ရန်ကုန်တိုင်းစစ်ဌာနချုပ်ဖောက်ခွဲမှု ဗိုလ်ချုပ် ၃၀ ဦးသေဆုံးတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု
ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ် ၃၀ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ “ရန်ကုန်တိုင်းစစ်ဌာနချုပ်ဆဖါက်ခွဲမှုဗိုလ်ချုပ်(၃၀)သေ မအလနဲ့စိုးဝင်း ထိပ်တိုက်တွေ့ပြီးချကုန်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့တာရှိပါတယ်။ […]
Continue Reading