Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု
စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာတွေကဖော်ပြချက်တွေကို ပြန်လည်ကူးယူ ဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိတယ်။ “စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပယ်ချခံရ စစ်ကောင်စီဖျက်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြားအမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) […]
Continue Reading