Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်ပြန်လွတ်လာဆိုတဲ့ သတင်းတုသတင်းမှား
ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ ပြန်လွတ်လာပြီး အသက်ရှင်လျှက်တွေ့ရလို့ ပြည်သူတွေအံ့သြကုန်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုကို စစ်တပ်ဘက်ကအတည်ပြုထားပြီးဖြစ်သလို မီဒီယာတွေမှာလည်းဖော်ပြပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာပဲ “ကိုဂျင်မီတို့ကိုဒီနေ့အသက်ရှင်လျှက်တွေ့ရလို့ပြည်သူတွေ အံ့သြကုန်။” ပို့စ်စာသားမှာ ရေးသားပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ၂ ဦးရဲ့ ဓာတ်ပုံပေါ်မှာလည်း “ကိုဂျင်နဲ့ကိုဖြိုးမသေပဲ အသက်ရှင်လျက် ဒီနေ့ထွက်လာလို့ ပြည်သူတွေအံ့ဩကုန်”လို့ ထပ်မံရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာမျှဝေထားတဲ့ ဘလော့ဂ်ပို့စ်လင့်ခ်တွေကို ထောက်ကြည့်လိုက်မယ်ဆိုရင် ယူကျူ့ ဗွီဒီယိုဖိုင်တစ်ခုကို ဦးတည်သွားပါတယ်။ ဘလော့ဂ်နဲ့ယူကျူ့ကနေ ကြော်ညာထိုးခတွေနဲ့ ဝင်ငွေရှာနေတဲ့ မီဒီယာပုံစံလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက […]
Continue Reading