Fact Check: ရန်ကုန် ဗဟိုမဏ္ဍပ်မှာဗုံးပေါက်လို့ ပြည်သူ ၂၀၀ သေတဲ့ သတင်းတု
မြန်မာ့နှစ်ကူးသကြန်အကြိုနေ့(၁၃)ရက်နေ့က ရန်ကုန် ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်လို့ ပြည်သူ (၂၀၀ ) သေဆုံးခဲ့ရတယ်လို့ဆိုတဲ သတင်းတု ဗွီဒီယိုပို့စ်တစ်ခုဟာ ယူကျု့ချန်နယ်မှာ ပျံ့နှံ့မှု့အားကောင်း ခဲ့ပါတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ်ဗုံးပေါက်လို့ ပြည်သူ (၂၀၀ )သေကုန်ပြီ NUG အရေးပေါ်ကြေညာ” ဆိုပြီး ရေးသားထားပြီး “Real News Myanmwr” အမည်နဲ့ ယူကျု့စာမျက်မှာ မျှဝေထားပါတယ်။ အဆိုပါ ယူကျု့စာမျက်နှာကို ဝင်ရောက်ကြည့်ရှု့မှုပေါင်း တစ်ထောင်ကျော် ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရန်ကုန်သင်္ကြန်အကြိုနေ့ […]
Continue Reading