Fact Check: အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦးထွက်ပြေးဆိုတဲ့ သတင်းမှား
အင်းစိန်ထောင်အတွင်းမှ ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးသွားလို့ ဗိုလ်ချုပ်စိုးထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ”လို့ ရေးသားပြီး “Akon Thi Entertainment” အမည်နဲ့ Youtube Channel အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ မှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၂၀ ရက်နေ့က အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ ဆိုပြီး ဗွီဒီယို မျက်နှာပြင် အဖွင့် စာသားမှာရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။ အခြားသော […]
Continue Reading