Fact Check: ဗိုလ်ချုပ်ဇော်မင်းထွန်း မိသားစု အသတ်ခံရမှုလား – ချဲ့ကားထားတဲ့ သတင်းမှားဖြစ်တယ်

စစ်တပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်‌‌‌ဇော်မင်းထွန်းရဲ့ မိသားစု အသတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၁၈ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဗိုလ်ချုပ် ဇော်မင်းထွန်း မိသားစု အသတ်ခံရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ နေပြည်တော် အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပို့လိုက်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်းခေါင်းဆောင် ၄၀ ဦး လွှတ်ပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော၊ ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ် ၅၄ ပြန်ရောက်ပြီဆိုတဲ့ ဗွီဒီယိုတွေကို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ် လတ်တလော ဆက်တိုက်ဖြန့်ဝေလာတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နေပြည်တော်အချုပ်ထောင်ကနေ စစ်တပ်ရဟတ်ယာဉ်နဲ့ အမေစုကို ပြန်ပို့ပြီလို့ဗိုလ်ချုပ်ဇော်မင်းထွန်းပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ […]

Continue Reading

Fact Check: လေယာဉ်တွေပစ်မချဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတောင်းပန်တဲ့ သတင်းတု

တန်ကြေးကြီးလို့ လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်လိုက် တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သရော်စာပို့စ်တခုသာဖြစ်တယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “တပ်မတော်ရဲ့ တိုက်လေယဥ်တွေကို ပစ်မချကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ.. 😁😁 “ကချင်မှာ ဒီကနေ့ လားရိူးလေတပ်ကနေ တက်သွားတဲ့ Mi35P တစီး ပစ်အချခံရတယ် ဆိုတာတော့ ကျတော်အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဒီလိုပဲ ဒေါ်လာစားမီဒီယာတွေက တပျမတောျသိက်ခါကအြောငျ ကောလဟာလတွေ တမင်ရည်ရွယ်ချက် ရှိရှိ လွှင့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်” ဟု့ စပြီး ပြောပါတယ်။ ဆက်လက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျ […]

Continue Reading

Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

စစ်တပ်အနေနဲ့ ပြည်သူလူထုကို လက်နက်အပ်မယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “စစ်တပ်အနေနဲ့ ပြည်သူကို လက်နက်အပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော အရှုံးပေးဖို့ပြင်နေပြီ” စသည်ဖြင့် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ရေးသားထားတာနဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။  ဗွီဒီယိုထဲမှာ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေး၊ လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးဆိုပြီးတော့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်း တွေကို လိုင်စင်လျှောက်ထားဖို့ မေလ ၉ ရက်မှာ စစ်ကောင်စီက […]

Continue Reading

Fact Check: တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အာဏာသိမ်းဖို့ ပြောသလား- မဟုတ်ပါ

ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်ပြီး အာဏာမသိမ်းချင်လို့ ပြောနေတာဖြစ်တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံတစ်ခုနှင့် တကွ ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်တယ်၊ အာဏာမသိမ်းချင်လို့ ပြောနေ တာဖြစ်ပြီး တပ်မတော်အနေနဲ့ အာဏာသိမ်းချင်ရင် ၂၄ နာရီမကြာဘူးလို့ ရေးသား မျှဝေနေ တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်း တွေ့ ရ ပါတယ်။ဒီနေရာနေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာစတင်ဖွင့်လှစ်သုံးစွဲခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကတည်းက   live ထုတ်လွှင့်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲ ဗွီဒီယိုတွေကို ပြန်လည်ကြည့်ရှူရာမှာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဉပဒေမတိုင်းမလိုက်နာလို့ […]

Continue Reading