Fact Check: လောက်ကိုင်မှာ လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ဦး သေဆုံးမှုနဲ့နောက်ထပ် စစ်သား ၄၀၀၀ ပုန်ကန်မှုသတင်းခေါင်းစဉ်တု

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.စ.က)ထဲက လက်နက်ချပြီး ပြန်လာတဲ့ ဗိုလ်မှူးချုပ် ၆ ဦး စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးသွားပြီ၊ ဒီလိုသေဆုံးမှုကြောင့် တပ်သား ၄၀၀၀ ကျော်က စစ်ကောင်စီကို တော်လှန်ပုန်ကန်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။  “လောက်ကိုင်မှာလက်နက်ချအညံ့ခံခဲ့သော(ဒစကမှူး-၆)ဦး စစ်ကြောရေးတွင် သေဆုံး မင်းအောင်လှိုင် လက်လွန်သွားပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာ “လက်နက်ချသည့် ဗိုလ်မှူးချုပ်(၆)ဦးကိုလက်စားဖျောက်မှုကြောင့် စစ်သား(၄၀၀၀)သေနတ်ပြောင်းလှည့်ပြီ လားရှိုးမြို့ထိန်းမနိုင်သိမ်းမရ ပွဲဆူပြီဟေ့”(မူရင်းအရေးအသား) စတဲ့ရေးသားချက်ပါဝင်တယ်။ ဒီနေရာမှာ ကြည့်ပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ LoCal NeWs အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading