Fact Check: မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUG ကို အမေရိကန်ပေးပို့တဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဆီ အမေရိကန်က ပေးပို့လိုက်တယ်လို့ ဆိုပြီး ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“အမေရိကန် ကြားဖြတ် ဝင်လာပြီဟေ့ 

လေယာဉ်ပစ်လက်နက်ကြီး NUG ကို ပို့ပေးပြီ

 အမေရိကန်မှ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUGကို့ပို့ပေးပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

အမေရိကန်အစိုးရမှ လေယာဉ်ပစ်ကာကွယ်ရေး လက်နက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေတယ်လို့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ၄င်းတို့ သတင်းဗွီဒီယိုထဲမှာ ပြောဆိုထားပေမဲ့ လက်ရှိအချိန်အထိ အမေရိကန်အစိုးရ ဒါမှမဟုတ် NUG ဘက်က လေယာဉ်ပစ်လက်နက်များ တရားဝင်လွှဲပြောင်းပေးအပ်ခြင်းရှိကြောင်း တရားဝင် ထုတ်ပြန်ချက်မရှိသေးပါ။ ဒီပြောဆိုချက်ကို အထောက်အပံ့ဖြစ်စေမယ် ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တခုတလေက ဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ သတင်းရင်းမြစ်တွေ က ဖြစ်ဖော်ပြချက် မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့  သတင်းမီဒီယာ တွေက သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ဝေတာတွေ လုပ်နေတဲ့အကြောင်း  Fact Crescendo Myanmar မကြာခဏ အချက်အလက်စိစစ်ချက်တွေ ‌ဖော်ပြခဲ့ပြီးဖြစ်တယ်။  ဒီလင့်ခ်မှာကြည်ပါ။ 

အခုလည်း ၇ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြချက်တွေကတော့ “လောင်းလုံးမြို့နယ် ရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်သား ၂ ဦးသေဆုံးမှု”၊ “ မုဒုံမြို့နယ် စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု”၊ “ပေါက်မြို့နယ်တွင် စစ်ကောင်စီရိက္ခာယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှု” ၊”ဖားကန့်မြို့ ဗျူဟာကုန်းအား KIA ပူးပေါင်းတပ်များ တိုက်ခိုက်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချမယ့် လေယာဉ်ပစ်ဒုံးကျည်တွေ NUGဆီ အမေရိကန်က ပေးပို့လိုက်တယ်ဆိုတဲ့ အထောက်အထား တစုံတရာမရှိချိန်မှာ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ဝေနေတဲ့နေရာဖြစ်တာတွေ့ရပါတယ်။ ဒီအတွက် လေယာဉ်ပစ်ဒုံးကျဉ်တွေ အမေရိကန်က NUG ဆီပို့တယ်ဆိုတာ သတင်းတုသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ 

Result Stamp

Title: Fact Check: မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUG ကို အမေရိကန်ပေးပို့တဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *