Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က သေဒဏ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၇ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်ချုပ် သူရိန်ထွန်း AA သေဒဏ်ပေး အသက်သွေးကြွေး ပြန်ဆပ်တာလို့ AA ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေ အထူးသဖြင့် စာသားနဲ့ သတင်းတင်ဆက်မှုတွေကို ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ […]

Continue Reading