Fact Check: KNU ကအလင်းဝင်လာတဲ့ဗိုလ်မှူးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ဆိုပြီးတော့ သတင်းတုဖြန့်

အလင်းဝင်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်၊တပ်သားဟိန်းမင်းထွေးတို့မှာစစ်တပ်က သူရဲကောင်းမှတ်တမ်း ရရှိထားသူတွေဖြစ်လို့ သတိထားဖို့နဲ့ စစ်တပ်က လာရောက်ပူးပေါင်းတဲ့သူတွေကို သတိထားစောင့်ကြည့်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ချက်ဆိုပြီးတော့ထုတ်ပြန်ချက်အတုတစ်ခုပျံ့နှံ့ခဲ့ပါတယ်။ “May La Minn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“အလင်းဝင်ရောက်လာသူ  ဗိုလ်မှူးတင်လင်းအောင် နဲ့ ပတ်သတ်ပြီး  ကရင်အမျိုးသားအစည်းအရုံး(KNU) ၏အသိပေးထုတ်ပြန် ကြေညာချက်,,, #crdphoto  (3•4•2022)mlm” စသည်ဖြင့် ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် KNU ဒူးပလာယာခရိုင်က အလုပ်အမှုဆောင်ကော်မတီက ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်တယ်လို့ ၎င်းတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ယခု ထုတ်ပြန်ချက်သည် စာအတုဖြစ်ပြီး KNU ကော့ကရိတ် မြို့နယ်၏ ထုတ်ပြန်ချက် မဟုတ်ကြောင်း အသိပေးအပ်ပါသည်” မူရင်းလင်ခ့် – ဒူးပလာယာခရိုင် |  Archive link   KNU […]

Continue Reading