Fact Check: ၂၀၁၇ ခုနှစ်က သံတွဲ ရွှေလှေတိုက်နယ်က ဗုဒ္ဓ ဆင်းတုတော်အချို့ ဖျက်ဆီးခံရတဲ့သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
ဘင်္ဂလီလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ဦးက သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စုမှာ ဗုဒ္ဓဆင်းတုတော် တွေ ဖျက်ဆီးလိုက်တယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ သို့သော် ဒီသတင်းဟာ ၂၀၁၇ ခုနှစ်က သတင်းတစ်ခုဖြစ်ပြီးလက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေခြင်း ဖြစ်ပါတယ်။ “NUG မှ အသိမှတ်ပြုထားတဲ့ ဘဂ်လီလူမျိုးအစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဗုဒ္ဓရုပ်ပွားတော်များအား ဖျက်ဆီး MHT News (Aug 15) ရခိုင်ပြည်နယ် သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စု (ငွေတောင်) တောင်ပေါ်ရှိစေတီတော်တစ်ဆူမှ ဗုဒ္ဓရုပ်ပွားတော်များအား အာစ္စလာမ်ဘာသာဝင် တစ်ဦးမှ အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါပြစ်မှုကျူးလွန်သူအား ရွှေလေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မောင်မောင်လေးမှ အချိန်နှင့်တပြေးညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည် ။”လို့ရေးသားပြီး “ReallyPage” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၃၀၀ […]
Continue Reading