Fact Check: စစ်သုံပန်း ၄၀၀၀ ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အစုလိုက် အပြုံလိုက် သေဆုံးတဲ့ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တု

စစ်သုံပန်း ၄၀၀၀ ကျော် ဆေးကုသဆောင် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်သုံပန်းတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁၄၀၀၀ ကျော်ရရှိ ထားတယ်။ “စောက်ပု ယုတ်မာပြီဟေ့ စစ်သုံ့ပန်း(၄၀၀၀)‌ဆေးကုသဆောင် လေယာဉ်နဲ့ဗုံးကျဲချပြီ စစ်သုံပန်းများ အစုလိုက်အပြုံလိုက်သေကုန်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းပြားမြို့ မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်တပ်၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေဟု စစ်သုံ့ပန်း ခလရ ၂၉၉  […]

Continue Reading

Fact Check: လောက်ကိုင်က တရုတ်သံရုံးကို ဗုံးကြဲခံရမှု သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော်သေဆုံးဆိုတဲ့ သတင်းတု

ကိုးကန့်ဒေသလောက်ကိုင်မြို့က တရုတ်သံရုံးကို ဗုံးကြဲခံရမှုမှာ သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဒီပို့စ်ကို ရိုက်ကူးထားတဲ့ စခရင့်ရှော့ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုဖြန့်ဝေပြီး ၃ နာရီအတွင်း ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “လောက်ကိုင်တရုတ်သံရုံးကို ဗုံးကြဲမိပြီဟေ့ သံရုံးဥက္ကဌနဲ တရုတ်နိုင်ငံသား (၈၀) ကျော်သေကုန်ပြီ တာဝန်ယူရမယ်လို့တရုတ်အမိန့်ထုတ် /ရှုပ်ကုန်ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကိုးကန့်ဒေသ မြို့တော်လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်ထားတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ရန်ကုန်မှာပဲ အခြေစိုက်ပြီး မန္တ‌လေးမှာတော့ ကောင်စစ်ဝန်ရုံးရှိပါတယ်။ တရုတ်သံရုံးဝက်ဘ်ဆိုဒ်ကို ဒီမှာကြည့်ပါ။  လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်မှုဖြစ်စေ၊ […]

Continue Reading

Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား

ဘုန်ကြီးဝတ် ပျူစောထီး‌ခေါင်းဆောင် ဦးဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကိုဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းမှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုမှာ “ဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကို ဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ MyanmarHot News အမည်နဲ့ ယူကျူ့ချန်နယ်က ၁၈ ရက်က ဗွီဒီယိုကို ဖြန့်ဝေထားပုံဖြစ်ပါတယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ၁၇၀၀၀ ကျော်က ကြည့်ရှု့ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်လေ့လာကြည့်ရာမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check:  ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးတဲ့ သတင်းတုသတင်းမှား 

ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးခဲ့ပြီးနောက် ထိုင်းဘက် လက်တုန့်ပြန်မယ်လို့ ကြောညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဧပြီ ၂၁ ရက်နေ့က မြန်မာစစ်တပ်က ထိုင်းနယ်စပ်ကို ဗုံးမှားကြဲမိကြောင်းနဲ့ ထိုင်းလေတပ်ချုပ်က ချက်ချင်းတုန့်ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link နောက်ထပ် ရေးသားဖြန့်ဝေမှုတစ်ခုမှာတော့ ထိုင်းဘက် ဗုံးမှားကြဲမိလို့ လူ ၂၀၀ သေဆုံးပြီး ထိုင်းက သွေးကြွေး ပြန်တောင်းမယ်လို့ ချက်ချင်းကြေညာတယ်လို့လည်း ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ ဗွီဒီယိုတွေကို ထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ပဲခူးတိုင်း၊ ပြည်ခရိုင်က PDF တွေနဲ့ပတ်သက်တဲ့ […]

Continue Reading