
ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးခဲ့ပြီးနောက် ထိုင်းဘက် လက်တုန့်ပြန်မယ်လို့ ကြောညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။
အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဧပြီ ၂၁ ရက်နေ့က မြန်မာစစ်တပ်က ထိုင်းနယ်စပ်ကို ဗုံးမှားကြဲမိကြောင်းနဲ့ ထိုင်းလေတပ်ချုပ်က ချက်ချင်းတုန့်ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
နောက်ထပ် ရေးသားဖြန့်ဝေမှုတစ်ခုမှာတော့ ထိုင်းဘက် ဗုံးမှားကြဲမိလို့ လူ ၂၀၀ သေဆုံးပြီး ထိုင်းက သွေးကြွေး ပြန်တောင်းမယ်လို့ ချက်ချင်းကြေညာတယ်လို့လည်း ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်
ဒီလိုမျှဝေထားတဲ့ ဗွီဒီယိုတွေကို ထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ပဲခူးတိုင်း၊ ပြည်ခရိုင်က PDF တွေနဲ့ပတ်သက်တဲ့ သတင်း ၂ ပုဒ်ကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။
“ထိုင်းနိုင်ငံနယ်စပ် ဗုံးမှားကြဲခံရ မအလငါးပါးမှောက်ပြီးဟေ့”ဆိုတဲ့ ဗွီဒီယိုပါသတင်းဟာ ဧရာဝတီတိုင်းမ် သတင်းဌာနက ဖေ့စ်ဘွတ်စာမျက်နှာမှာ “ပေါက်ခေါင်းတွင် စစ်ဗိုလ်အဖေ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး”ဆိုတဲ့ ဧပြီ ၂၀ ရက်ကဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖြန့်ချိထားခြင်းဖြစ်ပါတယ်။

နောက်ဗွီဒီယိုတစ်ခုပါ သတင်းကတော့ “People’s Spring”သတင်းဌာနကဖော်ပြခဲ့တဲ့ “ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ”ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

သုံးသပ်ချက်
ထိုင်းဘက်ကို မြန်မာစစ်တပ်က ဗုံးကြဲလို့ လူ ၂၀၀ သေဆုံးတယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ပဲခူးတိုင်း၊ပြည်ခရိုင်က PDF တွေအကြောင်းပဲဖြစ်ပါတယ်။
ပြောဆိုချက်- ထိုင်းဘက်ကို မြန်မာစစ်တပ်က ဗုံးကြဲလို့ လူ ၂၀၀ သေဆုံး

Title:Fact Check: ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးတဲ့ သတင်းတုသတင်းမှား
Fact Check By: နေရာမောင်Result: False