Fact Check: မြန်မာစစ်ခေါင်းဆောင် နေအိမ် ဗုံးခွဲခံရပြီး မိသားစုလိုက် သေဆုံးတဲ့ သတင်းတု
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေအိမ် ဗုံးခွဲခံရပြီး မိသားစုလိုက် သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ မေ ၁၉ ရက်မှာစတင်ဖြန့်ဝေလာပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ နာရီအနည်းငယ်အတွင်း ကြည့်ရှု့မှုပေါင်း ၂၈၀၀၀ ကျော်ရရှိထားတယ်။ “မနက်(၁၀)နာရီ အရေးပေါ်သတင်းထူး သေကုန်ပီ မအလ နေအိမ်ဗုံးခွဲခံရလို့ မိသားစုလိုက် မသာပေါ်ကုန်ပြီ/ခေတ်သစ်အတည်ပြုပီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်က ပြန်လည်ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]
Continue Reading