Fact Check: ဗျိုင်းတွေမှာ အဖိုမရှိဘဲ အမသာရှိတယ်ဆိုတာမမှန်ပါ
လူအပါအဝင် အခြားသောသတ္တဝါတွေမှာ အဖိုအမ ရှိကြပေမဲ့ ဗျိုင်းတွေမှာ အဖိုရယ်လို့မရှိဘဲ အားလုံးအမတွေ ချည်းသာဖြစ်ပြီး မိုးခြိမ်းသံမှာ သာယာခြင်းဖြင့် ကိုယ်ဝန်ရကြတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ အောက်ပါ စာသားအချို့ကတော့ ယနေ့ပျံ့နှံ့ခဲ့တဲ့ ဘလော့ဂ်ပို့စ်ပါစာသားတွေထဲကကောက်နုတ်ဖော်ပြ ချက်ဖြစ်ပါတယ်။ ဒီပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ်လောက်ကတည်းကစတင်ပျံ့နှံ့ခဲ့တာတွေရပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တူညီတဲ့ ပြောဆိုချက်ပါဝင်တဲ့ဖေ့စ်ဘွတ်ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ “လူပဲဖြစ်စေ ခွေးပဲဖြစ်စေ ဘယ်သတ္တဝါမဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီရှိတတ်ကြပါတယ်၊ ဒါပေမဲ့ ဗျိုင်းတို့မှာ တော့ကား အဖိုဟူ၍ မရှိ အားလုံး အမ-တွေချည်းသာဖြစ်ပါတယ်။ ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် အဥ အုနိုင်ကြတာပါလဲဆိုတဲ့ မေးခွန်းတက်လာနိုင်စရာအကြောင်းရှိပါတယ်၊ အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ […]
Continue Reading