Fact Check: အဆိုတော်ဗျူဟာ အဖမ်းခံရပြီးနောက် သေဆုံးမှုသတင်းမှား
လျှပ်စစ်မီးပုံမှန်မရတဲ့အပေါ် စစ်ကောင်စီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်နဲ့ ချိန်ထိုးဝေဖန်ခဲ့တဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးအပြီး စစ်ဆေးမေးမြန်မှုအတွင်း သေဆုံးသွားတယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ စစ်တပ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခန့်လျှပ်စစ်ဝန်ကြီးကို မေလ ၂၃ ရက်မှာ သူ့ဖေ့စ်ဘွတ် စာမျက်နှာကတဆင့် အဆိုတော် ဗျူဟာက ဝေဖန်လို့ဆိုပြီး မေ ၂၄ ရက်မှာ အဖမ်းခံခဲ့ရပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရိုက်ကူးထားခြးဖြစ်တယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကိုလည်း ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဆိုတော် ဗျူဟာ သေဆုံးတဲ့ သတင်းကို သူ့ရဲ့ အိမ်နီးချင်းဆိုသူအမျိုးသမီးရဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၆ […]
Continue Reading