Fact Check: COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ

COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဖြန့်ဝေ နေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19  နဲ့သေရင် ရင်ခွဲစစ်ဆေးခွင့်မပေးဘူး၊ အီတလီ ဆရာဝန်တွေက COVID-19 ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို ခွဲစိပ်ကြည့်ရာကနေ ဗိုင်းရပ်စ်ပိုး မတွေ့ရဘဲ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဆိုပြီးတွေ့ရတယ်၊ 5G ဓာတ်ရောင်ကြောင့် သေဆုံးမှု ကြောင့်သေဆုံးရတာဖြစ်တယ်၊ ဆေးပေးတဲ့အခါမှာ ရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက် ဆေးပေးရတယ်ဆိုပြီးရေးသားထားပါတယ်။ ဒီပို့စ်ပါအချက်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “Ko Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီပို့စ်ကို“ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်း စရာများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၅ […]

Continue Reading