Fact Check: COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ

False နိုင်ငံတကာ၊

COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဖြန့်ဝေ နေတာတွေ့ရပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19  နဲ့သေရင် ရင်ခွဲစစ်ဆေးခွင့်မပေးဘူး၊ အီတလီ ဆရာဝန်တွေက COVID-19 ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို ခွဲစိပ်ကြည့်ရာကနေ ဗိုင်းရပ်စ်ပိုး မတွေ့ရဘဲ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဆိုပြီးတွေ့ရတယ်၊ 5G ဓာတ်ရောင်ကြောင့် သေဆုံးမှု ကြောင့်သေဆုံးရတာဖြစ်တယ်၊ ဆေးပေးတဲ့အခါမှာ ရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက် ဆေးပေးရတယ်ဆိုပြီးရေးသားထားပါတယ်။

ဒီပို့စ်ပါအချက်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။

“Ko Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီပို့စ်ကို“ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်း စရာများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၅ ရာကျော်ရှိပါတယ်။ အလားတူရေးသားချက်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံး COVID-19 ဟာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် သိပ္ပံပညာရှင်တွေက အတည်ပြုပြီးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပျံ့နှံ့လျက်ရှိတဲ့ အလားတူပြောဆိုရေးသားမှုမျိုး အခြားနိုင်ငံက လူမှုကွန်ယက်အသုံးပြုသူတွေ အကြားမှာ ပြီးခဲ့တဲ့ လအနည်း ငယ် က ပျံ့နှံ့ခဲ့ဖူးပါတယ်။  တကယ်တော့ ဒီအချက်အလက်တွေဟာ အထောက် အထားမရှိသလို မှန်ကန်မှုလည်းမရှိ ကြောင်း အချက်အလက်စိစစ်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fullfact က ဇွန် ၂၆ ရက်မှာ အချက်အလက်စိစစ်ထားပြီး ဖြစ်တာတွေ့ရပါတယ်။

ဒီပို့စ်မှာပါတဲ့အဓိကအချက်တွေကို မြန်မာစာဖတ်ပရိတ်သတ်အတွက် ပြန်ဖော်ပြသွားမှာဖြစ်ပါတယ်။ 

ပထမဆုံးအနေနဲ့ “အီတလီသည် Kovid-19 နဲ့ သေဆုံးသောလူသေအလောင်းကို ခွဲစိတ်စစ်ဆေးခြင်း (postmortem)ကိုပထမဆုံးပြုလုပ်သောနိုင်ငံဖြစ်သည်”လို့ရေးသားထားပါတယ်။(မူရင်းရေးသားချက်) ဒီအချက် ဟာ မှားယွင်းပါတယ်။ စပိန်နိုင်ငံဟာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ဘာစီလိုနာမြို့ Arnau de Vilanova-Lliria မှာ COVID-19 ကြောင့်သေဆုံးခဲ့ရတဲ့အလောင်းကို ခွဲစိပ်စစ်ဆေးခဲ့ပါတယ်။ အီတလီမှာ COVID ရောဂါကြောင့် ပထမဆုံးသေဆုံးမှုဖြစ်တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ထက်ပိုစောခဲ့ပါတယ်။

နောက်ထပ်ပြောဆိုချက်ကတော့ “အီတလီဆရာဝန်များသည်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ဥပဒေကိုချိုး ဖောက်ခဲ့ကြသည်။ ၎င်းတို့သည် ကိုရိုနာ  ဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသော လူသေအလောင်းများအား ခွဲစိတ် ကုသမှု့(Postmortem) ကိုခွင့်မပြုသည့်ကြောင့် သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမူ့ အပြီးတွင် ၎င်းသည် ဗိုင်းရပ်စ် မဟုတ်ပဲသေစေနိုင်သော ဗက်တီးရီးယားတစ်မျိုးဖြစ်ကြောင်းနှင့် သွေးကြောများအတွင်းသို့ ဖြစ်ပေါ်စေ သောကြောင့် ​ေသွးကြောများနှင့်အာရုံကြောများ၌ စုဆောင်းပြီး လူနာအားသေစေခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်”လို့ရေးသားထားပါတယ်။ ဒီအချက်ဟာလည်းမမှန်ကန်ပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၂၄ ရက်မှာ ဒီရောကြောင့်သေဆုံးရတဲ့သူတွေကို ရင်ခွဲစစ်ဆေးခြင်း ဆောင်ရွက်ရာမှာ လိုက်နာရမယ့် လမ်းညွှန်ချက်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ 

တတိယအချက်ကတော့ “ဤအချက်အလက်များကိုသင်၏မိသားစု၊ အိမ်နီးချင်းများ၊ ကျွမ်းကျင်သူများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များကိုမျှဝေပါ။  Kovid-19 သည်ဗိုင်းရပ်စ်တစ်မျိုးတည်းမဟုတ်ဘဲ 5G ဓါတ်ရောင်ခြည်သာရှိသောဘက်တီးရီးယားတစ်မျိုးဖြစ်သည်ကိုနားလည်နိုင်ရန်ဖြစ်သည်။”လို့ ရေးသားထားပါတယ်။(မူရင်းရေးသားချက်)

“5G”ကြောင့်ဖြစ်ရတယ်ဆိုတဲ့ ကောလဟာလနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ 

“ဗိုင်းရပ်စ်ဟာ ရေဒီယိုလှိုင်း၊မိုလ်ဘိုင်းဖုန်းကွန်ယက်တွေကနေတဆင့် မသွားနိုင်ပါဘူး။ COVID-19 ရောဂါဟာ 5Gဆက်သွယ်ကွန်ယက်မရှိတဲ့ နိုင်ငံအများအပြားမှာဖြစ်နေပါတယ်”လို့ WHO ကရေးသားပါတယ်။

မူရင်းလင့်ခ် – WHOArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့ သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ် ဆိုတဲ့အချက်အလက်တွေ ဟာမှန်ကန်မှုမရှိတာတွေ့ရပါတယ်။

Avatar

Title:COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *