Fact Check: ဘရာဇီးက အမျိုးသမီးသီးသန့်နေထိုင်တဲ့ရွာဆိုတာမဟုတ်ပါ
ဘရာဇီးနိုင်ငံ Nolva Do Cordeiro ဆိုတဲ့ ရွာမှာ ယောင်္ကျားမယူချင်လို့ အိမ်ကထွက်လာတဲ့ မိန်းကလေးတွေသာ နေထိုင်တယ်ဆိုတဲ့အကြောင်းအရာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲနေတဲ့ သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဘရားဇီးနိုင်ငံ Nolva Do Cordeiro ကျေးရွာလေးဟာ ယောင်္ကျားလေးတွေကို စိတ်ကုန်ပြီးလက်မထပ်ချင်တဲ့ မိန်းကလေးတွေ လာရောက် နေထိုင်ကြတဲ့ ရွာလေးဖြစ်ကြောင်း၊ ကျေးရွာလေးတစ်ခုလုံးမှာ မိန်းကလေးတွေသာ ရှိပြီး ယောကျာ်းတစ်ဦးမှ မရှိကြောင်း၊ ကျေးရွာရှိ မိန်းကလေးတွေ အားလုံးဟာ အပျိုကြီးတွေသာ ဖြစ်ပြီး ယောကျာ်းတွေကို စိတ်ကုန်လို့ သီးသန့်နေထိုင်ချင်သူတွေ ဖြစ်ကြောင်းနဲ့ မိန်းကလေးတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး မည်သူကိုမှ အားကိုးခြင်း မရှိဘဲ နေထိုင်နေတာ ဖြစ်ကြောင်း”လို့ ရေးသားပြီး “Kyaw […]
Continue Reading