Fact Check: ဦးဝိရသူကို သာသနာရေးဝန်ကြီးခန့်အပ်တယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီကို ထောက်ခံတဲ့ ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ် ဆိုတဲ့ ဗွီဒီယိုဖိုင်တခုဟာ ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “သာသနာ ပျက်တုန်းပြီ၊ ဦးဝိရသူကို သာသနာရေး ဝန်ကြီး ခန့်အပ် “လို့ စသည်ဖြင့် ရေးသားထားပါတယ်။ “Dave Poahas”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ၁၀ မိနစ်ဝန်းကျင် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။  အမှန်တကယ်က အသံဖိုင်ထဲမှာ ဧရာဝတီ မြန်မာပိုင်း သတင်းဌာနက ၂၀၂၂ ခုနှစ် […]

Continue Reading