Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကုန်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကာ စစ်တပ်အကြီးအကဲ အသစ်လည်း ခန့်အပ်တော့မယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းဝန်းကျင်ရရှိ ထားတယ်။ “မင်းအောင်လှိုင် နှုတ်ထွက် သတင်း တစ်နိုင်ငံလုံး အံ့ဩကုန်ပြီ တပ်ချုပ်အသစ် ခန့်အပ်တော့မည်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ သမ္မတဟောင်း လေယာဉ်ပျက်ကျလို့ သေဆုံးမှု သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန် လေယာဉ်ပျက်ကျသေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ယူကျူ့ ပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “သိန်းစိန် မအလ ပါတဲ့လေယာဉ် ပေါက်ကွဲမီးလောင်ပြာကျ ဝဠ်ကြေး အလောင်းတောင်ပြန်မရဘူး” မူရင်းလင်ခ့် – Youtube links | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေထားတဲ့ “နိုင်ငံတကာ သတင်းစုံ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တွေ ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတွေ တပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ၈ မိနစ်‌ကျော်ရှည်လျားတဲ့ အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်လိုက်ပါလာတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းပါတဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှု သတင်းတု သတင်းမှားတွေပျံ့နှံ့

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှုလို့ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “တရုတ်နဲ့ သန်းရွှေကပါ မလိုချင်တော့တဲ့ မင်းအောင်လှိုင် နှုတ်ထွက်မဲ့ သတင်း တစ်နိုင်ငံလုံးပြည်သူများ နားထောင်ပေးပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်စာတင်တယ်လို့ ရေးသားမျှဝေထားပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ အတွေးအမြင် ဆောင်းပါတပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်တယ်။ မူလဆောင်းပါးကို ဒီလင့်ခ်မှာကြည့်ပါ။ ဧရာဝတီသတင်းဌာနရဲ့ မူလဖော်ချက်မှာလည်း စာဖတ်သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ “အားလုံးက မမြင်လိုတော့သည့် မင်းအောင်လှိုင် နုတ်ထွက်မလား”လို့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် တမိသားစုလုံးကို PDF က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တအိမ်သားလုံး PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီသတင်းက ကြေညာလိုက်တယ်လို့ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “မြဝတီသတင်းကအရေးပေါ်ကြေငြာပြီ ညကမအလတစ်အိမ်သားလုံးPDF တွေဖမ်းသွားပြီ ည၁၂နာရီတိတိ လက်မလွှတ်တမ်းသတင်းနားထောင်ကြည့်ပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုကို ဝင်ကြည့်ရာမှာတော့ ဗွီဒီယိုထဲမှာ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တခုလုံး  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)ထံ လက်နက်ချခဲ့တဲ့အကြောင်းကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြန်လည်သုံးသပ်ပြောဆိုနေတဲ့ ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်တပ်က မြောက်ပိုင်းမှာ မရှု့မလှရှုံးနိမ့်မှု၊ စစ်တပ်ကို စွန့်ခွာလာတဲ့ အရာရှိစစ်သည်တွေများပြားလာမှုနဲ့ ခွင့်မဲ့ပျက်ကွက် […]

Continue Reading

Fact Check: နားလည်မှုလွဲစေနိုင်တဲ့ နေပြည်တော် အာဏာသိမ်းမှု သတင်းတု

နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချကာ  ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ကာကွယ်‌ရေးဦးစီးချုပ်ရာထူးပေးလိုက်တယ်၊ နေပြည်တော်မှာ အာဏာသိမ်းမှု ဖြစ်ပွားတယ်လို့ ဆိုပြီးယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအချို့က ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၈)ရက်နေ့အထူးသတင်းကောင်း မင်းအောင်လှိုင်ဖြုတ်ချခံလိုက်ရ စိုးဝင်းကိုကာချုပ်ရာထူးပေးပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုမျိုး အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်းအရာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုခေါင်း‌ဆောင်ပိုင်းအပြောင်းအလဲသတင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဌာနဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုထဲပါတဲ့ သတင်းကတော့ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ရာထူးမှ ဆင်းရန် မဘသဘုန်းကြီးများနှင့် တပ်ထောက်ခံသူများတောင်းဆို”ဆိုတဲ့ […]

Continue Reading

Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။ “လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂက ပိတ်ပင် လိုက်ပြီဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  သတင်းမီဒီယာအချို့က ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး မသက်ဆိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ အလားတူ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အာဆီယံနဲ့ UN အရေးယူမှုကြမ်းပြီဗျို့ မအလ လေယာဉ်ဆင့်ခွင့်ပိတ်သိမ်း Khit Thit အတည်ပြုကြေညာ လိုက်ပြီ‌ဗျို့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေ တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဘဏ်အပ်ငွေတွေကို သိမ်းဆည်းလိုက်ကြောင်း စစ်ခေါင်းဆောင်ကြေညာတဲ့ သတင်းတု

ဘဏ်အပ်ငွေမှန်သမျှကို သိမ်းဆည်းလိုက်ကြောင်း စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဒီဇင်ဘာ ၂၁ ရက်ကဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတုသတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။  “တစ်နိုင်ငံလုံး သတင်းဆိုး (၂၁) ရက်နေ့ ဘဏ်မှာအပ်ထားတဲ့ ငွေမှန်သမျှ သိမ်းကြောင်း မင်းအောင်လှိုင် ကြေငြာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အရင် Cele Corner 1M အမည်ကနေ Celegram 1M လို့အမည်ပြောင်းထားတဲ့ ဒီယူကျူ့ချန်နယ်ကို ကြည့်မယ် ဆိုရင် ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်းအရာတွေ သို့မဟုတ် သတင်းတုတွေ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို NATO အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့(NATO) က ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ဆိုတဲ့  ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဒီဇင်ဘာ ၁၄ ရက်က ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကခုန်ကြဟေ့ အောင်ပွဲခံလို့ရပြီ အကြမ်းဖက်ခေါင်းဆောင် ကြင်စိုးမအလ NATO အဖွဲ့ဒီနေ့ပဲ ဖမ်းခေါ်သွားကြပြီဟေ့ ခေတ်သစ်တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဖြန့်ဝေ ထားတဲ့ ယူကျူ့ချန်နယ် The Burmese’s on Air ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် သတင်းခေါင်းလွဲတွေတပ်ကာ ပြန်လည်ဖြန့်ချိနေ ခြင်းဖြစ်တာတွေ့ ရပါတယ်။ အခု ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံမှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်တွေ သေဆုံးမှု သတင်း‌ခေါင်းစဉ်တု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆေးရုံမှာ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရမှုစသည်ဖြင့် ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၄)ရက်နေ့  တနိုင်ငံလုံးကခုန်လို့ရပြီဟေ့ သတင်းထူးကြီးဗျို့ ညက ကာချုပ်ကြီးမင်းအောင်လှိုင်အရေးပေါ် ဆေးရုမှသေပြီဟေ့အ‌လောင်းထုတ်ပြီဗျို့ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link ထို့အတူ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရတယ်၊ စစ်တပ်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်‌ဇော်မင်းထွန်း မိသားစု ၃ ဦးပစ်သတ်ခံရတယ်စသည်ဖြင့်လည်း ဒီချန်နယ်က ဖြန့်ချိထား ပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ […]

Continue Reading