Fact Check: မင်းအောင်လှိုင်ကို ICC က ဆင့်ခေါ်ပြီဆိုတဲ့ သတင်းတု
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဆင့်ခေါ်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်ကျူးလွန်မှုတွေအတွက် တရားစွဲဆိုဖို့ ပြီးခဲ့တဲ့နှစ်တွေ အတွင်းကတည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပိုမိုအားကောင်းလာနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖြုတ်ချခံ အရပ်သားအစိုးရကို ဆက်ခံတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကိုယ်တိုင်က ICC မှာ စစ်ခေါင်းဆောင်တွေကို စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းလာနေတာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ “မင်းအောင်လှိုင်ကို iccက ဆင့်ခေါ့်ပြီ”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာလည်း ” (၁၆)ရက်နေ့ ICC ကဆင့်ခေါ်ပြီ မင်းအောင်လှိုင်အတွက် ပြေးလမ်းမရှိပြီ” စသည်ဖြင့်လည်းရေးသားထား ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]
Continue Reading