Fact Check: NUGနဲ့ PDFကို ထောက်ပံ့တဲ့မလေးရှားရောက် မြန်မာတွေကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးမှုဗွီဒီယိုလား – မဟုတ်ပါ

NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆိုပြီးတော့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုထဲမှာ အမျိုးသား အတော်များများဟာ ရဲစခန်းတခုလို့ထင်ရတဲ့ အဆောက်အဦးလျှောက်လမ်းမမှာ ထိုင်လျှက် လမ်းလျှောက်ပြီး အခန်းတခုထဲကို ဝင်ရောက်သွားတဲ့ မြင်ကွင်းကို မြင်တွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲအဖွဲ့မှ ဖမ်းဆီးတဲ့ video file လို့ သိရတယ်။ မြင်ရတာတွေက အသည်းနာလှပါတယ်။ ကိုယ့်နိုင်ငံသားတွေဆိုတော့ တခြားသူတွေ ဖိနှိပ်တာမြင်ရင် စိတ်ထဲမှာ ဘယ်လိုမှ မခံနိုင်ဘူး။ မြင်ရတာစိတ်လည်းမကောင်းဘူး။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလို […]

Continue Reading

Fact Check:  ၂၀၂၁ ခုနှစ် မလေးရှားကဖြစ်စဉ်ကို ရန်ကုန်မှာ ရေကြီးရေလျှံမှုအဖြစ်ပျံ့နှံ့ခဲ့

မိုးအဆက်မပြတ်ရွာသွန်းလေ့ရှိတဲ့ ဩဂုတ်လမှာ ရန်ကုန်လူထုဟာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုကို ခံစားရပါ တယ်။ ယခုနှစ် စံချိန်တင်မိုးကြီးခဲ့တာကြောင့် ဩဂုတ် ၁၇ ရက်က ရန်ကုန်မှာအနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အဓိက လမ်းမကြီး တွေမှာ ရေနစ်မြှုပ်တဲ့ သတင်းက ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ရေပန်းစားခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တိုက်ပေါ်ကနေရိုက်ထားတဲ့ အရောင်အသွေးသစုံတဲ့ ကားတွေ ရေထဲနစ်မြုပ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ ရန်ကုန်တာမွေနဲ့ တောင်ဒဂုံက ရေကြီးရေလျံမှုအခြေအနေအဖြစ်သတင်းမှား ပြန့်နှံ့ခဲ့တာ တွေ့ရပါတယ်။ ဓာတ်ပုံဟာ မလေးရှားနိုင်ငံက ရေကြီးရေလျှံမှုဖြစ်စဉ်နဲ့ပတ်သက်ပါတယ်။ အောက်ပါစခရင်ရွှတ်ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေပဲဖြစ်ပါတယ်။ မူလဖြန့်ဝေခဲ့သူတွေက ဒီပို့စ်တွေကို ပြန်ဖျက်သွားပြီးဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ရန်ကုန်မြို့မှာ ရေကြီးနစ်မြှုပ်မှုသတင်းတွေကို […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က မလေးရှားမှာ မြန်မာအရက်ဖမ်းမိတဲ့ဖြစ်စဉ်ကိုလက်ရှိအဖြစ် အပျက်သဖွယ်ပြန်လည်မျှဝေ

မြန်မာနိုင်ငံက ထုတ်တဲ့အရက်မှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ Methanol ဓာတ်တွေ့ရှိတယ်ဆိုပြီးတော့ အရက် ပုလင်းကို ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ ဓာတ်ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျက်ရှိ ပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ၂၀၁၈ ခုနှစ်က သတင်းဟောင်းတစ်ခုကို ပြန်လည်မျှဝေ နေခြင်းဖြစ်ပါတယ်။  “မလေးရှားတွင် တပတ်အတွင်း အရက် သောက်သူ လူ၂၁ဦး သေဆုံးအပြီး  မြန်မာနိုင်ငံထုတ်အမှတ်တံဆိပ်ပါ ဝီစကီပုလင်းများတွင် လူသားအတွက်  အန္တရာယ်ဖြစ်စေတဲ့ Methanol ဓာတ်တွေ့ရှိ ရန်ကုန်၊စက်တင်ဘာ၊၂၂”စသည်ဖြင့် ခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Google မှာဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၁၈ […]

Continue Reading