Fact Check: လက်ရှိပဋိပက္ခအတွင်း KNDF ဒုတိယစစ်ဦးချုပ်မာဝီ ဒဏ်ရာရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)ဒုတိယစစ်ဦးစီးချုပ်မာဝီ မြန်မာစစ်တပ် က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက် မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ၁၇ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ စစ်ဝတ်စုံဝတ်အမျိုးသားတဦး ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး သွေးထွက်နေတာကို အခြားသော လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းပြုစုနေပါတယ်။  အလားတူတဲ့ ရေးသား မျှဝေမှုကို တယ်လီဂရမ်ရဲ့ ဒီနေရာနဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဖြန့်ဝေထားတာတွေ့ရပြီး KNDF ဒုစစ်ဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လ်ကနက်ကြီး ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။ “ကယားမှာ ချီးယားနော် အကြမ်းဖက်သမား မာဝီ ဆိုတဲ့ကောင်ကို တပ်မတော်က ဗျင်းထည့်လိုက်တာ… […]

Continue Reading