Fact Check: မိတ္ထီလာလေတပ်တိုက်ခိုက်ခံရမှုဆိုတဲ့ နားလည်မှုလွှဲစေတဲ့ သတင်းတု 

မိတ္ထီလာလေတပ်တိုက်ခိုက်ခံရပြီး လေတပ်ဦးစီးမှုအပါ ၁၉ ဦးသေဆုံးခဲ့တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထးရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “မိန္တိလာလေတပ် တိုက်ခိုက်ခံရပြီး လေတပ်ဦးစီမှုးပါဝင်(၁၉)ဦး သေဆုံး”(မူရင်းပို့စ်ပါအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေပြုလုပ်တာတွေ့ရတယ်။   အခုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ က သတင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ မြန်မာနောင်းသတင်းဌာနရဲ့ မူလသတင်း‌ဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ မိတ္ထီလာမြို့ တိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံး ၊ ကာမီကာဇေ ခေါ် […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်စခန်းအသိမ်းခံရပြီး လက်နက်ဂိုဒေါင်ပြာကျသွားတဲ့ သတင်းတု 

မိတ္ထီလာလေတပ်စခန်းအသိမ်းခံလိုက်ရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြန့်ဝေမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၈ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၆သောင်း ဝန်းကျင်ရှိတယ်။ “လုံခြုံ‌ရေးအင်အားနဲနေတဲ့ မိတ္ထီလာလေတပ်စခန်းသိမ်းပိုက်လိုက်ပြီ တပ်ခွဲမှူးခေါင်းပွင့်သေ၊ လက်နက်ဂိုဒေါင်ပြာကျ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်ခံရမှု သတင်းမတွေ့ရပါဘူး။ Real News Channel အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး မသက်ဆိုင်တဲ့ခေါင်းစဉ်လွဲ သို့မဟုတ် ခေါင်းစဉ်တုနဲ့ ထင်ယောင်ထင်မှား ဖြစ်ဖွယ်ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ […]

Continue Reading

Fact Check: ဒီပုံက မိတ္ထီလာမှာ ပစ်သတ်ခံရတဲ့ စစ်ဗိုလ်ရဲ့ဓာတ်ပုံ မဟုတ်ပါ

စစ်တပ်က အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းဘေးမှာ ကလေးငယ်တစ်ယောက်ကိုပွေ့ချီလျက်ငိုနေတဲ့ အမျိုး သမီး ဓာတ်ပုံကို မိတ္ထီလာမှာ လုပ်ဖော်ကိုင်ဖက်ဗိုလ်မှူးက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်ကြီးအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံဖြစ်ပါတယ်။ Khinsabalnyo အမည်နဲ့ ဖေစ့်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  မိတ္တီလာမှာ စစ်​တပ်က အရာရှိ ၂ ဦးအပြန်အလှန်ပစ်ခတ်မှုမှာ ဒဏ်ရာရ ဗိုလ်ကြီး ​နေပြည်​တော်စစ်​ဆေးရုံတွင် ​သေဆုံးသွားကြောင့် ဧပြီ ၂၆ ရက်က Khit Thit သတင်းဌာနကရေးသားတဲ့သတင်းကို […]

Continue Reading

မိတ္ထီလာနဲ့ ရမည်းသင်းမှာ ပြည်ခိုင်ဖြိုးက ပြန်လည်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ မဲစားရင်းပြန်စစ်ဆေးတာကြောင့် ကြံ့ခိုင်ရေးပါတီကပြန်နိုင်သွားတယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက််ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ ” သတင်းကောင်းလေး လာပေးတာ၊ မိတ္ထီလာနဲ့ရမည်းသင်း မဲစာရင်းပြန်စစ်တာ ကြံ့ခိုင်ရေး ပြန်နိုင်သွားပါပြီ”နဲ့ “ရမည်းသင်း လွှတ်တော်သုံးရပ်လုံး USDP အနိုင်ပြန်ရ မတရားမှုတွေ ပြန်ယူမှာနေ”လို့ စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဒေါက်တာသန်းထွန်းကို Fact Crescendo Myanmarမှ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရမှာတော့ “ရလာဒ်ကတော့ အပြောင်းလဲမရှိပါဘူး၊ ဒီလိုရေးနေတာတွေက အမှားတွေလို့ပဲပြောချင်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ NLDအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစန်းဝင်ရှိန်က Fact Crescendo Myanmarကို “ဒီလိုမဲစားရင်းပြန်စစ်တယ်၊ မဲပြန်ရေတယ်တို့ဆို့တာမဟုတ်ပါဘူး၊ ထင်ယောင်ထင်မှားဖြစအောင် လျှောက်ရေးနေတာပါ၊ မိတ္ထီလာမှာကော ရမည်းသင်းမှာကော ဒီလိုပြန်စစ်တယ်ဆိုတဲ့ […]

Continue Reading