Fact Check: ချောင်းဦးက အများပြည်သူသုံး လမ်းတွေကို PDF က မိုင်းထောင်နေတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

အများပြည်သူအသုံးပြုနေတဲ့လမ်းပေါ်မှာ PDF တွေ မိုင်းများထောင်နေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို မူလက မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ ၂ ရက်ကစတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က အများပြည်သူ အသုံးပြုတဲ့ လမ်းပေါ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းခဲ့ရတယ်လို့ မူလ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။ ဒီဓာတ်ပုံတွေကို မဇ္ဈိမသတင်းဌာနကလည်း ပြန်လည်ဖော်ပြခဲ့တာအောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Mizzima Media […]

Continue Reading

Fact Check: KNPP က တောင်သူတွေရဲ့ ယာခင်းတွေမှာ မိုင်းထောင်နေတယ်လို့ သတင်းမှားဖြန့်ဝေ

KNPPအကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူများတောင်ယာလုပ်ကိုင်နေတဲ့ နေရာများတွင် မိုင်းထောင်နေသော မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မျှဝေထားတာတွေ့ရပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မိုင်းရှင်းလင်းနေတဲ့မြင်ကွင်းအဖြစ် KNDF B-02 က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “KNPPအကြမ်းဖက်အဖွဲ့များမှ ပြည်သူများတောင်ယာလုပ်ကိုင်သည့် နေရာများတွင် မိုင်းများထောင်နေသော မြင်ကွင်းဖြစ်ပါသည်… #ဒေသခံတွေအထူးသတိပြုရန်” စသည်ဖြင့် ရေးသားပြီး “Min Mahar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုတွကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျကတဲ့စကားလုံးအချို့ အသုံးပြုပြီး ဓာတ်ပုံကိုရှာဖွေကြည့်ရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တင်ရင်း ၂ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ “Karenni Nationalities Defense […]

Continue Reading