Fact Check: မိုင်းဖုန်းဆရာတော်နဲ့ပတ်သက်တဲ့သတင်းတုများဖြန့်ဝေ

မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည် သေမယ့်နေ့ကို ပြောပြီ၊ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သေမယ့် နေ့ကိုပြောပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကိုကယ်မယ်စတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ် တွေမှာဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်း သတင်းခေါင်းစဉ်နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။  “မိုင်းဖုန်း ဆရာတော်ကြီး အမေစုနဲ့သမ္မတကြီးကို ကယ်တင်တော့မယ်။ #မိုင်းဖုန်းဆရာတော်”လို့  စာသားနဲ့ ရေးသားထားပြီး ဗွီဒီယိုရုပ်ကတ်ဓာတ်ပုံထဲမှာလည်း “အထူးသတင်းကောင်းဗျို့ အမေစုနဲ့သမ္မတကြီး ကိုကယ်တင်ဖို့ မိုင်းဖုန်းဆရာတော်ကြီးကြွချီလာပြီး သူတော်ကောင်းကိုစော်ကားတဲ့ အာဏာရူး ကြိုးစက်မှာ ပေးဆပ်ရ လိမ့်မယ်လို့ မိန့်ကြားလိုက်ပြီ”စသည်ဖြင့်ရေးသားပြီး “Akon Thi Entertainment”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဩဂုတ် ၁ ရက်ကမျှဝေထားရာမှာ ဝင်ရောက်ကြည့်ရှု့သူ ၃၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   “Third News”၊ “သတင်းစုံ Video”၊ “ផ្កាយ”စတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း […]

Continue Reading