Fact Check: ၂၀၁၅ ခုနှစ်အတွင်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ပွဲများ အတွင်းက ပုံတွေကို TNLA နဲ့တိုက်ဖို့ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့တင့်ကားတွေ အဖြစ်မျှဝေနေ
မိုးကုတ်မြို့အလွန်မှာ တပ်မတော်နဲ့ တအောင်းလက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နောက် မန္တလေး ကနေ မိုးကုတ်ကိုသွားတဲ့ တပ်မတော်က တင့်ကားတွေဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေနေတာ တွေ့ရပါတယ်။ တင့်ကားတွေအတန်းလိုက်ပါဝင်တဲ့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့ တင့်ကားတွေလို့ ရေးသားလျက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တိုက်ဖို့အတွက်ဆိုပြီးတော့ မျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ ဓာတ်ပုံတွေဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲများအတွင်းက ဓာတ်ပုံ တွေဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကို Fact Crescendo Myanmar က တွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ည က မိုးကုတ်မှာ တိုက်ပွဲတွေ ဖြစ်တော့ လပခ စစ်ဌာနချုပ်လက်အောက်မှာ ရှိတဲ့ တင့်ကားတပ်တွေကနေ […]
Continue Reading