Fact Check: ဒီဓာတ်ပုံထဲက စစ်ဘေးရှောင်တွေဟာ ဖရူးဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေမဟုတ်ပါ
ကယားပြည်နယ် ဖရူးဆိုမြို့နယ်မှာ မြန်မာစစ်တပ်က မီးရှိုသတ်ဖြတ်ခံရတဲ့သူတွေကို နောက်ဆုံးတွေ့ရပုံ ဆိုပြီးတော့ အမိုးဖွင့် ထရပ်ကားတစ်စီးပေါ်မှာ စုပြုံလိုက်ပါလာတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများ အပြားပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာအသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်တွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလိုက်ပါလာတဲ့ အမိုးဖွင့် ထရပ်ကားတစ်စီးနဲ့ ကားတွေ မီးရှို့ဖျက်ဆီးခံထားရတဲ့ ဓာတ်ပုံ ၂ ပုံပါဝင်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင်လာတဲ့ ရွာသား ၃၅ ယောက်ကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းတွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ ဖရူးဆိုမြို့နယ်က တုန်လှုပ်ခြောက်ခြားဖွယ် ယင်းအဖြစ်အပျက်သတင်းတွေနဲ့အတူ “ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်။ ကားက Save […]
Continue Reading