Fact Check: ဒီပုံက မော်လိုက်မှာ စစ်ကားတစ်စီးထိုးကျမှု ဓာတ်ပုံလား-မဟုတ်ပါ
မော်လိုက်မှာ စစ်တပ်ကကားချောက်ထဲကျ စစ်သားအများအပြားသေဆုံးတယ်လို့ရေးသားထားပြီး စစ်ကားတစ်စီး တိမ်းမှောက်နေပုံဓာတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ြသစတေးလျနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းက စစ်ကားတစ်စီးတိမ်းမှောက်ခဲ့တဲ့ ပုံဖြစ်ပါတယ်။ “အကြိမ်ကြိမ် အလေးပြုပါ၏။ ။ စစ်ခွေး ၆၅ ကောင်ကို အသက်နှင့်ရင်း၍ ဇီဝိန်ချွေကာ သတ္တိသွေး ရဲရဲနီခဲ့သည် မော်လိုက် (ကို) အောင်ဆန်းအား အလေးပြု ဦးညွှတ်ပါ၏။ ကျန်ရစ်သူ ဇနီးနှင့်မိသားစုကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကြစေလိုပါ၏။”လို့ရေးသားပြီး “Nay Linn Aung”အမည်နဲ့အကောင့်ကမျှဝေထားတာတွေ့ရပါတယ်။ အလားတူရေးသားထားပြီး ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]
Continue Reading