Fact Check: မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာဆိုတဲ့ သတင်းတု
မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “အမေရိကန် စစ်ကြေညာ စစ်အုပ်စုကို တရားဝက် ကြေညာလိုက်ပြီ ဒုချုပ်စိုးဝင်းက မင်းအောင်လှိုင် အမြန်ဆုံးပြန်လာဖို့ ပြန်ခေါ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ […]
Continue Reading