Fact Check: ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလွှတ်ပေးသလား- မဟုတ်ပါ

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းတုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဂုဏ်ပြုရင်း  ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးလိုက်ပြီဟု  အမိန့်စာနျဲ့အတူ မအလ ထုတ်ပြန်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီလိုပဲ ဖေ့စ်ဘွတ်မှာလည်း စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အမိန့်စာဆိုပြီးတော့လည်း ဖြန့်ဝေနေတာ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာနဲ့ […]

Continue Reading

Fact Check: တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို ရန်ကုန်က နှင်ထုတ်မယ်ဆိုတဲ့ သတင်းတု

တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို စစ်ကောင်စီ ရန်ကုန်က နှင်ထုတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “ထွန်းမြတ်နိုင်က ဆွေးနွေးဖို့ လက်မခံလို့ ရန်ကုန်က ရခိုင်လူမျိုး မှန်သမျှ နှင်ထုတ်ဖို့ အမိန့်ချလို့လန့်ကုန်ပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link ၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာတော့ ရခိုင်တွေကို သတ်ဖို့လုပ်နေပြီလို့ဆိုထားပါတယ်။ အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေ ဒါမှမဟုတ် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ […]

Continue Reading

Fact Check: QUAD က မြန်မာကို စစ်ရေးအရ အရေးယူမယ့် သတင်းတု

မြန်မာအရေးမှာ စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် QUAD အဖွဲ့က ပြောဆိုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့ချန်နယ်တွေမှာ ယခုရက်ပိုင်း ဖြန့်ဝေနေတာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သို့မဟုတ် ချဲ့ကားရေးသားပြောဆိုချက်တွေသာဖြစ်တယ်။ Also read – Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ပြောဆိုမှုတွေကို အခြားသော ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Khit Thit Media”နဲ့ “ Share Local Media”တို့ကလည်း ဖြန့်ဝေထားပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ “မြန်မာအရေး စစ်မိန့်ပေးပြီ မြန်မာစစ်ကောင်စီပြုတ်ကျရေး စစ်ရေးနဲ့ဖြေရှင်းမည်ဟု  QUAD-၄ […]

Continue Reading

Fact Check: SAMSUNG မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်ဆိုတဲ့ သတင်းတု

ဆမ်ဆောင်း(SAMSUNG)မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဩဂုတ် ၅ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီစာမျက်နှာကပဲ ဇူလိုင် ၄ ရက်က ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၃၆၀၀ ကျော်ရရှိခဲ့တယ်။ ဒီမှာကြည့်ပါ။  ပဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်းက ဖုန်းလက်ဆောင်တွေပေးနေတယ်ဆိုပြီးတော့ မျှဝေခဲ့ပါသေးတယ်။ “SAMSUNG မွေးနေ့ အထိမ်းအမှတ်။ *SAMSUNG* သည် 2024 ခုနှစ် ဩဂုတ်လ 12 ရက်မတိုင်မီ “Happy Birthday” ကိုဆန္ဒပြုလိုသူတိုင်းထံ Samsung ဖုန်းအသစ် 980 လုံးကို လက်ဆောင်ပေးပါသည်။ […]

Continue Reading

Fact Check: မက်ခရိုကုန်တိုက်က မွေးနေ့လက်ဆောင်တွေ ပေးနေပြီဆိုတဲ့ သတင်းမှား

“Happy Birthday”လို့ သူတို့စာမျက်နှာ မှတ်ချက်ရေးသူတိုင်း မက်ခရိုကုန်တိုက်က မွေးနေ့လက်ဆောင်အဖြစ် ဒေါ်လာ ၅၀၀၀ ပေးနေပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။  “အားလုံးပဲမင်္ဂလာပါ @Makro ရဲ့မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် 2024 ခုနှစ် ဇူလိုင်လ 10 ရက်နေ့ မတိုင်ခင် ကျွန်ုပ်တို့ရဲ့ PAGE မှာ “Happy Birthday” ရေးသူတိုင်း 350 ယောက်အတွက် လက်ဆောင်အိတ် 500 အတွက် လက်ဆောင်ဘောက်ချာ $5000 အခမဲ့ရရှိမှာဖြစ်ပါတယ်။ 😍🛒 ကံထူးရှင်များအားလုံးကို အဖွဲ့မှ တိုက်ရိုက်ဆက်သွယ်ပါမည်။ ဘောက်ချာများကို ကျွန်ုပ်တို့၏အေဂျင်စီများအားလုံးတွင် လဲလှယ်နိုင်ပါသည်။” မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ဒီဗွီဒီယိုက၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်စုကြည်မွေးနေ့ဆုတောင်း သာဖြစ်တယ်

ဇူလိုင် ၁၉ ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာသွားရောက်တွေ့ဆုံမှုလို့ဆိုထား ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဟောင်းတစ်ခု သာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက်က နေပြည်တော်အထူးတရားရုံးမှာ သူ့ရဲ့ရှေ့နေတွေနဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး RFA Burmese သတင်းဌာနကဖော်ပြပါတယ်။ “ခနလေး တွေ့ ခွင့်ရတောင် သူ့ ပြည်သူတွေကို စိတ်ပူနေတာတဲ့ ချစ်လိုက်တာ အမေရယ်”ရေးသားထားပြီး “Cele Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၁၀၀၀ ရှိပါတယ်။ ဗွီဒီယိုထဲမှာတော့ လူတွေရဲအမြင်ကလည်းအရေးကြီးကြောင်း၊ လစ်လျူရှု့သင့်တာကို လစ်လျူရှုရမှာဖြစ်ပေမဲ့ […]

Continue Reading