Fact Check: ဟွန်ဒါက ဖေ့စ်ဘွတ်စာမျက်နှာမှာ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်နဲ့ ငွေသားလက်ဆောင်တွေပေးနေတယ်ဆိုတဲ့ သတင်းမှား

ဟွန်ဒါ(Honda)မြန်မာက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Congratulations လို့ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်နဲ့ ငွေသားလက်ဆောင်တွေပေးနေတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်ပြီး ဟွန်ဒါနာမည်ကို အသုံးပြုပြီး လှည့်စားလိမ်လည်မှုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “September 2 🎉 မင်္ဂလာပါ 👋 အားလုံးပဲ @Honda myanmar ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် 2024 ခုနှစ် စက်တင်ဘာလ 5 ရက်နေ့ မတိုင်ခင် ကျွန်တော်တို့ရဲ့ page မှာ “Congratulations” လို့ပြောတဲ့သူတိုင်း Honda ဆိုင်ကယ် 250 နဲ့ ငွေသား သီးသန့်လက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။ ကံကောင်းပါစေ။ ❤️” မူရင်းလင်ခ့် – Fb link | […]

Continue Reading