Fact Check: Air India လေယာဉ်ပျက်ကျရမှု အစီရင်ခံစာ မထွက်သေးပါ

လူပေါင်း ၂၇၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ဇွန် ၁၂ ရက်က Air India လေယာဉ်ပျက်ကျရမှုဟာ လေယာဉ်မှူး ထိုင်ခုံကို ထိန်းထားတဲ့ အတံလေးတခု ပြုတ်နေတာကို သတိမထားမိတာကနေ ဖြစ်ပွားခဲ့ရတယ်လို့ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ကနဦးအစီရင်ခံစာမှာ ဖော်ပြတယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လေယာဥ်မှူးရဲ့ ထိုင်ခုံ ရွေ့လျားမြောင်းက pin တစ်ချောင်းပြုတ်နေခြင်းက … လူပေါင်း ၂၀၀ ကျော်ကို အသက်ဆုံးစေခဲ့ Credit: Wise News ရှေးဦးတွေ့ရှိချက်အစီရင်ခံစာ။ အိန္ဒိယလေယာဉ်ပျက်ကျမှုအတွက် preliminary report […]

Continue Reading

Fact Check: Air India လေယာဉ် မတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဆိုတဲ့ သတင်းမှား

ဇွန် ၁၂ ရက်က ပျက်ကျခဲ့တဲ့ Air India လေယာဉ် ပျံမတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်မိထားတဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုနဲ့ လေယာဉ်အတွင်းမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “Air India လေယာဉ်မတက်ခင် မိနစ်ပိုင်းအလို tay ဆုံးရမယ်လို့ ဘယ်သူမှမသိခင်အချိန် မှတ်တမ်းတင်မိထား video😥👇👇 ဘဝနှင့်အသက်တို့သည် လက်တစ်သီးအတွင်း ပြောင်းလဲသွားနိုင်သည်အထိ တိုတောင်းပြီး ဆန်းကျယ်လှပေသည်။ ထို့ကြောင့် အသက်ရှင်နေသမျှကာလအတွင်း ကျန်းမာ၍ ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ။ 🙏 Video ကို […]

Continue Reading