Fact Check: PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ပူးပေါင်းဖို့ အဆိုတော်နဲ့ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေ တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင် တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ယုန်လေးက “–”စသည်ဖြင့် ပြောကြားခဲ့တာတွေ့ရပါတယ်။ သို့သော် ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၉ ခုနှစ်က ယုန်လေးရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယို ဖြစ်တာ တွေ့ရပါတယ်။ “PDFလူငယ်များနဲ့ ပူးပေါင်းရန် လက်နက်များစုဆောင်းနေသည့် ယုန်လေး ကိုယုန်လေးကို အထင်မသေးကြပါနဲ့လို့ ငါမပြောခဲ့ဘူးလား :))”လို့ရေးသားပြီး “Thet Paing Oo” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။တူညီတဲ့ ဗွီဒီယိုဖိုင်ကို အလားတူရေးသား မျှဝေထားတာ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link ဒီလိုပြောကြားချက်ကို အသံဖိုင်အနေနဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်း […]
Continue Reading