Fact Check: ရုရှား ရင်ပြင်နီကို ယူကရိန်းတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူ သေဆုံးတဲ့ သတင်းတု 

ရုရှား ရင်ပြင်နီကို ယူကရိန်းတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ရုရှားတို့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီကို အောင်မြင်မှု အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကို ဒီနှစ် မြန်မာစစ်ခေါင်းဆောင်လည်း တက်ရောက်ဖို့ ဖိတ်ကြားခံရပါတယ်။ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကတော့ အခမ်းအနားတက်ရောက်လာမယ့်သူတွေရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလို့ ကြေညာထားပြီး ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ရုရှားနိုင်ငံအပေါ် ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီလိုအခြေအနေမှာ မေ ၈ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီလို တိုက်ခိုက်ခံရလို့ စစ်ခေါင်းဆောင်သေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတွေ ဆက်တိုက်ဖြန့်‌လာတာဖြစ်တယ်။ ပို့စ်စခရင်ရှော့ ဓာတ်ပုံနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ […]

Continue Reading